၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ သတင်းထုတ်ပြန်ချက်

Monday, April 4, 2022 - 17:45

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

သတင်းထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၂၁ ဖြင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေအား အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဥပဒေသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစတင်၍  အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။