နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဩစတြေးလျတပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Vice Admiral David Johnston AO RAN အား ယနေ့နေ့လယ်ပိုင်းတွင် တယ်လီဖုန်းဖြင့် လက်ခံဆွေးနွေးသည်။
ထိုသို့လက်ခံဆွေးနွေးရာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ် စေရေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) နှင့်အညီ နိုင်ငံတော်၏အာဏာ ၃ ရပ်ကို ခေတ္တထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်၍ဆောင်ရွက်လျက်ရှိရာ တည်ဆဲ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရေးရာမူဝါဒများ ပြောင်းလဲခြင်းမရှိဘဲ အရှိန်ဟုန် မပျက်ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်သည် ဩစတြေးလျ တပ်မတော်ကဲ့သို့ဒီမိုကရေစီတပ်မတော်ဖြစ်ပြီး ဒီမိုကရေစီကိုလေးစားတန်ဖိုးထားပါကြောင်း၊ ဒီမိုကရေစီမှာလူတိုင်းမိမိသဘောဆန္ဒကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ရှိ ကြောင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သိရှိလိုက်နာလျက်ရှိပါကြောင်း၊ အရေး ပေါ်ကာလ ၃ ပါတ်ကျော်အတွင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုမှရန်လိုသည့် အကြမ်းဖက် ဆူပူမှု(Riot) များ၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သည့်လူအုပ်စု (Anarchy Mob) အသွင်သို့ ပြောင်းလဲခဲ့သည့် နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း အနည်းဆုံး အင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဥပဒေနှင့်အညီဖြေရှင်းခဲ့ခြင်းမှအပ ကျန်ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ်မှုများ၌ အင်အားအလွန်အကျွံသုံး၍ နှိမ်နင်းခဲ့ခြင်းမရှိပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပါသည်။
ထို့နောက် Vice Admiral David Johnston AO RAN ကလည်းသိလိုသည့် အချက်များကို ပြန်လည်ဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က ပြန်လည်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။