နေပြည်တော် ဖေဖော်ဝါရီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင် နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့တာဝန်ယူခဲ့သည်မှာ ၃ ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုကာလ အတွင်း ပြုပြင်ပြောင်းလဲမှုများ များစွာရှိကြောင်း၊ ပထမဆုံးအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနှင့်ပတ်သက်၍ ပြီးခဲသည့်ဒုတိယအပတ်နှင့် တတိယအပတ်ကြားကာလတွင် ဆန္ဒပြမှုများရှိခဲ့သော်လည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ အလေ့အထနှင့်အတူ ဒီမိုကရေစီနိုင်ငံများ၏ အရေးယူဆောင်ရွက်မှုများအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားနိုင်ငံများ၌လည်း ဆူပူဆန္ဒပြမှုများတွင် မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆံ၊ Water Cannon ကိုအသုံးပြုဆောင်ရွက်ခြင်းနှင့် အင်တာနက် ဖြတ်တောက်မှုများလည်း ရှိပါကြောင်း၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာ ရသူများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံတွင် ၃ ပတ်တာ ကာလအတွင်း သေဆုံးမှုမှာ ၄ ဦးသာရှိခဲ့ကြောင်း၊ သေဆုံးမှုကို ပြန်ကြည့်လျှင်လည်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့်ရှိပြီး ၎င်းကိုယ်တိုင် ဆူပူဆန္ဒပြမှုတွင် ပါဝင်သည်ကို တွေ့ရပါကြောင်း၊ ဆူပူဆန္ဒပြသူများအနေဖြင့် လေးခွ၊ ခဲ၊ ကုန်းသီးတို့ဖြင့် ပစ်ခတ်အသုံးပြုခြင်းများ ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရာဘာကျည်ဆံ ကိုသာ အသုံးပြု ခဲ့ခြင်းဖြစ်ကြောင်း၊ ခဲသီးနှင့်ပတ်သက်၍ အသုံးပြုခဲ့ခြင်းမရှိ ကြောင်း၊ ဗီဒီယိုမှတ်တမ်းများ ကို အသေးစိတ်ကြည့်ရှုခဲ့ကြောင်း၊ယင်းမှာ ဖြစ်စဉ်အမှန်ဖြစ် ကြောင်း။ ဝန်ထမ်းများ CDM လှုပ်ရှားဆောင်ရွက်မှုနှင့်ပတ်သက်ပြီး စတင်ဆောင်ရွက်ရန် ပြောကြားဖြန့်ချိခဲ့သူများကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအချို့ပါဝင်ကြပြီး အချို့ဝန်ထမ်းများမှာ အကြောက် တရားဖြင့် ပါဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် CDM ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝန်ထမ်းများ မိမိတို့လုပ်ငန်းတာဝန်ကို ပြန်လည်တာဝန် ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ မိမိတို့၏ လုပ်ဖော်ကိုင်ဖက် များသာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲ ပေးနိုင်သော်လည်း တာဝန်အချိန်တွင် နိုင်ငံတော်အတွက်သာ ဦးတည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုက်နှစ်သက်သည်၊ မနှစ်သက်သည်ရှိမည် ဖြစ်ကြောင်း၊ ယင်းကို ဒီမိုကရေစီကျင့်စဉ်အရလက်ခံကြောင်း၊ သို့သော်လည်း အခြား အချိန်တွင် ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတာဝန်ကို နိုင်ငံ့ဝန်ထမ်းက ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသားများကလည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မဲမသမာမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့်အစိုးရ တာဝန်ယူသည့် ကာလတစ်လျောက်လုံး စိတ်ရှည်သည်းခံစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ သော်လည်း အစိုးရအနေဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိခြင်းကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ရကြောင်း။ နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့သည့်သောကြာနေ့တွင် စာရင်း ကောက်ယူခဲ့ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်များတာဝန်ပျက်ကွက်လျက် ရှိကြောင်း၊ ဆရာဝန်များမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးရသည့် ဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးကြီးသည့် ဝန်ထမ်းသုံးမျိုးရှိကြောင်း၊ ယင်းမှာ ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ဖြစ်ပြီး အမြဲအဆင်သင့် ပြင်ဆင်ထားရသည့်သူများဖြစ်ကြောင်း၊ တပ်မတော်မှာ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် အမြဲအဆင်သင့်ဖြစ်ရန် ဆောင်ရွက်ထားကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည်လည်း သက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ရဲစခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်ကြရကြောင်း။ အလားတူ ကျန်းမာရေးဝန်ထမ်းများသည်လည်း ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်ကြရကြောင်း၊ ဆရာဝန်များ ၏ ကတိသစ္စာပြု အဓိဌာန် ၉ ချက်တွင် “ကျွန်ုပ်ဆည်းပူး တတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကိုတန်ဖိုးထား လေးစားစွာကာကွယ် စောင့်ရှောက်ပါအံ့” ဟုပါရှိကြောင်း၊ ဆရာဝန်များအနေဖြင့် ဆေးကုသမှုမပြုလုပ်ခြင်း သည် ယင်းတို့ကတိ သစ္စာပြုထားသည့် အဓိဌာန်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အလားတူသူနာပြုဆိုလျှင် လည်း ၎င်းတို့ကတိသစ္စာအဓိဌာန်တွင် “လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏အရေးကိစ္စဟု ယူဆပါအံ့”ဟု လည်းကောင်း၊ “လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးထိခိုက်စေမည့် မည်သည့်အပြုအမူမျိုးကိုမဆို တားဆီး ကာကွယ်ပါအံ့” ဟုလည်းကောင်းပါရှိကြောင်း၊ ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများမှာ ကျင့်ဝတ်ကိုများစွာ ချိုးဖောက်ရာရောက်ကြောင်း၊ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဆေးရုံ ၁၂၆၂ ရုံ ရှိသော်လည်း ဆေးရုံဖွင့်လှစ်ပြီး ကုသပေးသည့် ဆေးရုံမှာ ၇၇၈ ရုံ၊ ဆေးရုံဖွင့်ထား သော်လည်း ကုသပေးခြင်း မရှိသည့်ဆေးရုံ ၂၇ ရုံရှိပြီး လုံးဝဆေးရုံပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံ ရှိသည်ကို ယမန်နေ့ညနေ စာရင်းများအရ သိရကြောင်း။
ထို့ကြောင့် ပြည်သူများများစွာ ဒုက္ခရောက်နေမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ကြောင်း၊ လူ့အသက်ထက် အရေးကြီးသည်မှာမရှိကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ဆူပူမှုများ ထိန်းသိမ်းအရေးယူ ဆောင်ရွက်ရာတွင်လည်း လူ့အသက်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆရာဝန်များနှင့် သူနာပြုများ စည်းကမ်းဖောက်ဖျက်နေမှုကို ဝန်ထမ်းစည်းကမ်းအရ အရေးယူသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှာ ကျင့်ဝတ် သစ္စာဆိုပြီး ဆောင်ရွက်သည့် နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း၊ အလားတူ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာလည်း နိုင်ငံတော်အလံကိုင်၍ သစ္စာဆိုသည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့်အတွက် သစ္စာဖောက်ဖျက်၍မရကြောင်း၊ တပ်မတော်တွင်လည်း စည်းကမ်း ထိန်းသိမ်း မှုနှင့်စပ်လျဉ်း၍ ဖောက်ဖျက်လျှင် ထိထိရောက်ရောက် အရေးယူကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များလည်း အလားတူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူကအားကိုး၊ ပြည်သူကလက်ခံ၊ ပြည်သူကယုံကြည်ပြီး နိုင်ငံတော်မှအားထားရသည့် ရဲတပ်ဖွဲ့ဖြစ်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတင်းပို့ရုံးတက်ခြင်းမရှိပါက ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ဆရာဝန်များနှင့်ပတ်သက်ပြီး ရရှိသည့်ဘွဲ့အဆင့်အလိုက် ချီးမြှင့်ငွေပေးအပ်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ သင်ကြားရေးအပိုင်း အရည် အသွေး မြှင့်တင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများမှာ တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ တိုင်းပြည်တွင် လူစွမ်းအား အရင်းအမြစ် မွေးထုတ်ပေးသူများမှာ ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အခန်း ကဏ္ဍမှာ အရေးကြီးသည့်အတွက် အရည်အသွေးမြင့်မားရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း ဘွဲ့အဆင့်အလိုက်မူတည်ပြီး ချီးမြှင့်ရန် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ထဲတွင် အရေးကြီးသည့် အချက်နှစ်ချက်မှာ ဥပဒေကိုနားလည်ရန် အရေးကြီးကြောင်း၊ တက္ကသိုလ်များတွင် BA(Law) သင်တန်းများ ဖွင့်လှစ်ရန်နှင့် ဒေသအလိုက် စီးပွားရေး နားလည်တတ်ကျွမ်းမှု အခြေခံရရှိရေးအတွက် BA(Eco) ဘာသာရပ်ဖွင့်လှစ်သင်ကြားရန် ဆွေးနွေးလျက်ရှိကြောင်း၊ ပညာရေးဝန်းကျင်ကောင်းမွန်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ပြီး သို့မှသာကျောင်းသားများအနေဖြင့် စာသင်ချင်စိတ် တိုးပွားလာမည် ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ CDM နှင့်ပတ်သက်ပြီး online တွင် လှုံ့ဆော်နေသည့်အဖွဲ့များနှင့် အဆိုပါ အဖွဲ့များနောက်တွင် ပံ့ပိုးနေသူ များရှိကြောင်း၊ ယင်းတို့နောက်တွင် ငွေကြေး စိုက်ထုတ်ပေးသည့် အဖွဲ့များရှိကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် လုပ်ဆောင်ရန် ရှိသည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများသည် တိုင်းပြည်ကိုထိခိုက်နစ်နာ စေကြောင်း၊ တိုင်းပြည်ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် မိမိတို့သည် စိတ်ရှည် သည်းခံပြီး နားလည်အောင် ရှင်းလင်းပြောကြားကာ ပြည်သူများပါအတူပါဝင်ပြီး ပုံမှန် လမ်းကြောင်း ပေါ်တည့်အောင် ဆောင်ရွက်ရန် လိုကြောင်း။
ယခုအခါမိမိတို့နိုင်ငံတွင် နှစ်စဉ်ဘဏ္ဍာငွေ လိုငွေပြမှုနှင့် ကုန်သွယ်ရေးလိုငွေပြမှု များရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ထိခိုက်ကြောင်း၊ ထို့ကြောင့် ငွေကြေးတန်ဖိုးခိုင်မြဲရန်လိုအပ်ကြောင်း၊ ကုန်သွယ်ရေးနှင့်ပတ်သက်၍ စီးပွားရေး ကိုမြှင့်တင်ရန်လိုအပ်ကြောင်း၊ မိမိတို့သည် ဦးတည်ချက် ၅ ရပ် ချပေးထားကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတော်၏ ယိုင်နေသည့် စီးပွားရေးကို ပြန်လည်တည့်မတ် အောင် အားထည့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကုစားမှု များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေလျှော့ချရေးအတွက် ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့် ပြည်တွင်းထုတ်ကုန်များတိုးမြှင့်ပို့ဆောင်၍စီးပွားရေးမြှင့်တင် ဆောင်ရွက် ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ရေးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ သည် အရေးပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း တတ်နိုင်သမျှ လျှော့ချရမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေး၊ လူ့စွမ်းအားအရင်အမြစ်များ တိုးတက်ရေးအတွက် လိုအပ်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ သက်သာစေရေးနှင့် လျှပ်စစ် ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေးအားလျှပ်စစ်ထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့် လုပ်ငန်းရပ်များအား တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကား လမ်းများအား ပုံမှန်ထိန်းသိမ်း မှုများကို အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သောက်သုံးရေးအခက်အခဲ ရှိသည့် မြို့နယ်များတွင် သောက်သုံးရေရရှိရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ Jeng Phag နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့် ဦးခင်မောင်ဆွေတို့က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ရှင်းလင်း ဆောင်ရွက် နေမှု အခြေအနေများ၊ တပ်မတော်၏ နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန်ယူ ထမ်းဆောင် နေမှုအပေါ် နိုင်ငံတကာ၏ သဘောထားအမြင်များ၊ ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေ၊ လူပုဂ္ဂိုလ်ကိုးကွယ်မှုများကြောင့် နိုင်ငံရေးရှုပ်ထွေးလာခဲ့မှုအခြေအနေ၊ သာသနာရေး ဆိုင်ရာ အဆောက်အဦများ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ဓာတ်အားအသုံးပြုခ လျှော့ပေါ့ပေးရေးကိစ္စ၊ ရုံးလုပ်ငန်းများ နှောင့်နှေးစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးမှုများနှင့် စည်းရုံးသိမ်းသွင်းမှုများကို နောက်ကွယ်မှ ပြုလုပ် နေသည့်အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူဆောင်ရွက်ရေးနှင့်တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအား အကာအကွယ်ပေးရန် လိုအပ်သည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကော်မရှင်နှင့် ပတ်သက်သည့်မဲစာရင်းကို အမြန်ဆုံးချပြပေးမည်ဖြစ် ကြောင်း၊ ကော်မရှင်အနေဖြင့် တိုင်ကြားစာတက်သည့် မြိုနယ်များကို ဦးစွာစစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟုသိရှိရကြောင်း၊ စိစစ်တွေ့ရှိသည့် မဲစာရင်းကွာဟမှုများကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် မြို့နယ်များကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများမှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနမှကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။ မီဒီယာနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတဆင့် မီဒီယာ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို ထိန်းသိမ်းကြပ်မတ်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတင်းများတွင် အာဏာသိမ်းစစ်အစိုးရဟု အသုံးအနှုံး များကို သတိပေးထားပြီး ဆက်လက်၍သုံးနှုံးရေးသားမည်ဆိုပါက ထုတ်ဝေ ခွင့်ပိတ်သိမ်း သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်ဆောင်ရွက်ခဲ့မှုများအပေါ်တွင်လည်း စုံစမ်းဖော်ထုတ် မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကိုသာ ကြည့်ပြီး တိုင်းပြည်၏အကျိုးကိုမကြည့်ပဲ ကိုယ်ကျိုးအတွက်ဆောင်ရွက် ခဲ့မှုများ ကိုလည်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမီတာခများ သက်သာခွင့် ကိုလျှော့ချပေးထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ၏ တာဝန်ထမ်းဆောင်မှုအပေါ်မူတည်၍ ချီးမြှင့်ငွေများပေး အပ်လျက်ရှိကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းများအားထိန်းသိမ်းပြုပြင် ခြင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားမှု အထောက်အကူပြုအစည်းအဝေးများ ပြုလုပ်ခြင်းများကို လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပြန်လည် ပညာသင်ကြားချိန်တွင် အသင့်ဖြစ်စေမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံဖြစ်သဖြင့် ၎င်းလုပ်ငန်းများနှင့် ပတ်သက်၍ သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်၍ လိုအပ်သည့်စိုက်မွေး ပညာရှင်များမွေးထုတ်ပေးရန်လိုကြောင်း၊ ဒေသအလိုက်ကိုက်ညီ သည့် စိုက်ပျိုးရေး ထုတ်ကုန်များ ရရှိအောင် သုတေသနပြု၍ ထိရောက်စွာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်နယ်များအလိုက် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်နယ်များအလိုက် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါသဖြင့် ဒေသအလိုက်သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေသည့် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ရေသည်လူသားများ၏ နေ့စဉ်လူနေမှုဘဝအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် မြေအောက်ရေ သုံးစွဲမှုနှင့်ပတ်သက်၍ မိုးနည်းသည့် ဒေသများတွင် မြေအောက်ရေအလွန်အကျွံ သုံးစွဲခြင်းသည် ရေရှားပါးမှုကိုပိုမို ဖြစ်ပေါ်စေနိုင်သဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်လည်း တိုက်တွန်း ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်များပြန်လည်ထမ်းဆောင် နိုင်ရေး အတွက် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ဖိအားပေးနှောင့်ယှက်နေသူများကိုလည်း ဖော်ထုတ်၍ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။