နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁
မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းတွင် မန္တလေးမှ ဗန်းမော်သို့ သွားရောက်ရန်ရှိသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာ၀တီဌာနခွဲပိုင် ရေယာဉ် ၂ စီးအား မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ရှိ CDM လှုပ်ရှားသူများက ရေယာဉ်များ မထွက်ခွာနိုင်စေရေး ရန်လို သည့် အပြုအမူဖြင့် အကြောင်းမဲ့ နှောင့်ယှက်တားဆီးရာမှ စတင်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ထိုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားနေစဉ် ၎င်းနယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်ညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ရေယာဉ်ထွက်ခွာမှုမရှိစေရေး ဝိုင်းဝန်းအော်ဟစ်၍ ဆန္ဒပြခြင်း၊ အကြမ်းဖက်မည့်အခြေအနေများ စတင်ဖြစ်ပေါ်လာခြင်းတို့ကြောင့် အခြေ အနေအား ထိန်းသိမ်းနိုင်ရန်အတွက် ရကဖမှ တပ်ဖွဲ့ဝင်များကို ထပ်မံပူးပေါင်းစေခဲ့ပြီး ထုတ်ပြန်ထားသည့် တရားဥပဒေများကို လေးစားလိုက်နာရေး၊ ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားပေးရေး စသည်တို့ကို အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ တာဝန်ရှိသူများက သွားရောက်ညှိနှိုင်း ဆွေးနွေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပါသည်။
သို့ရာတွင် ဆန္ဒပြသူများအတွင်းပါရှိလာသည့် ဆူပူအကြမ်းဖက်လိုသူအချို့က လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို အော်ဟစ်၍ ရန်စဆဲဆိုခြင်း၊ အုတ်ခဲ၊ ကျောက်ခဲ၊ လေးဂွများ၊ မှိန်းများ အသုံးပြု၍ ရန်စတိုက်ခိုက်ခြင်းများကို ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက အသံချဲ့ စက်အသုံးပြု၍ အကြမ်းဖက်ဆောင်ရွက်မှုများရပ်တန့်ရန်၊ လူစုခွဲရန် တို့ကို ထပ်မံသတိပေးခဲ့ပြီး ဆူပူအကြမ်းဖက်သူများမှ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အတွက် Water Cannon အသုံးပြု၍ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် ဆူပူအကြမ်းဖက်သူများကို ဥပဒေနှင့်အညီ ဖြိုခွဲ ခြင်းဆောင်ရွက်ခဲ့ပါသည်။
သို့ရာတွင် ဆူပူအကြမ်းဖက်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အုတ်ခဲ၊ ကျောက်ခဲ၊ လေးဂွများ၊ မှိန်းများ၊ ဂျင်ကလိများဖြင့် နေအိမ်များ၊ လမ်းများနှင့် ကျောင်း အစရှိသည့် နေရာအသီးသီးမှ ပစ်ခတ်ခြင်းတို့ကို ပိုမိုဆောင်ရွက်လာခဲ့ခြင်း ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ထိခိုက်ဒဏ်ရာရရှိခြင်း၊ လုံခြုံရေးယာဉ်များ ထိခိုက် ပျက်စီးခြင်းတို့ဖြစ် ပေါ်ခဲ့ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများမှာ ငြိမ်းချမ်းစွာဆန္ဒပြခြင်းမဟုတ်ဘဲ CDM လှုပ်ရှားမှု ကို အကြောင်းပြု၍ အကြမ်းဖက်ဆူပူမှု (Riot) အဖြစ်ရောက်ရှိစေရေး၊ ၎င်းမှ တစ်ဆင့် မင်းမဲ့စရိုက်ဆန်သော လူအုပ်စု (Anarchy Mob) အသွင်ရောက်ရှိလာစေရေး ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဆောင်ရွက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ကို ထိခိုက်စေသည်အထိ အကြမ်းဖက်မှုများ ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြေရှင်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ထုတ်ပြန် ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း စနစ်တကျ အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်း သာဖြစ်ပြီး မင်းမဲ့စရိုက်ဆန်သည့် အပြုအမူများအဆင့်သို့ မရောက်ရှိစေရေး ဆူပူအကြမ်း ဖက်ဆန္ဒပြမှု (Riot) ကို မလွှဲမရှောင်သာ ဆောင်ရွက်ထိန်းသိမ်းခဲ့ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။