နိုင်ငံသားအဖြစ်မှရပ်စဲခြင်း
၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပ နိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားသူ (၁၁)ဦးသည် မြန်မာနိုင်ငံ၏ အကျိုးကို ထိခိုက် စေနိုင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှရပ်စဲကြောင်းကို ၄-၃-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အလားတူကျူးလွန်မှုများကို ကျူးလွန်ကြောင်း ဆက်လက် စိစစ်ဖော်ထုတ်တွေ့ရှိရသည့် အောက်ပါပုဂ္ဂိုလ်များအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့်အညီ နိုင်ငံသား အဖြစ်မှရပ်စဲခဲ့သည်-
(က) ဆောင်းဦးလှိုင်(ဘ)ဦးဆွေလင်းအေး
( ခ) မောင်မောင်အေး(ဘ)ဦးရင်ဝှာ
( ဂ) ခင်မမမျိုး(ဘ)ဦးမျိုးသန့်
(ဃ) ပြည်သစ်ညွန့်ဝေ(ခ)မောင်မောင်(ဘ)ဦးညွန့်ဝေ
( င) ဖြူဖြူသင်း(ဘ)ဦးလှထွန်း
၂။ ဆက်လက်စိစစ်ဖော်ထုတ်တွေ့ရှိရသူများကိုလည်း အလားတူ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။