အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်မှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း သူရ ဦးအောင်ကို သည် ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ငွေကြေးနှင့်ပစ္စည်းများ လက်ခံရယူခဲ့သည့်အပေါ် အရေးယူပေး ပါရန် တိုင်ကြားချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အဂတိလိုက်စားထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှုဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန် ချက်အရသိရှိရသည်။
အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ပုဂ္ဂိုလ်အချို့သည်လည်း အဂတိလိုက်စားမှုများရှိကြောင်း ပဏာမစိစစ် တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။