ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ်     ၅   /၂၀၂၂ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း   ၂    ရက် (၂၀၂၂ ခုနှစ်၊ မတ်လ   ၃    ရက်)

Thursday, March 3, 2022 - 14:30

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်

အမိန့်ကြော်ငြာစာအမှတ်     ၅   /၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း   ၂    ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ   ၃    ရက်)

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက် သည်။

၂။       ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ စေရန်၊ နှစ်နိုင်ငံငွေ‌ပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန် တို့အတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။

၃။      ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့ သူများ၏ ဘတ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်။

၄။      သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။

၅။      ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

 

 

 

                                                                                              သန်းညိန်း

                                                                                                 ဥက္ကဋ္ဌ

စာအမှတ်၊ မဗဘ-၁/၁၁၁(အမိန့်)(  ၈၈  /၂၀၂၂)

ရက်စွဲ     ၊    ၂၀၂၂  ခုနှစ်၊   မတ်လ    ၃      ရက်

 

 

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိဌာနများအားလုံး

ညွှန်ကြားရေးမှူးချုပ်                       မြန်မာနိုင်ငံပြန်တမ်းအပိုင်း(၁)တွင်ထည့်သွင်း

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန       ကြေညာပေးပါရန်

                                                                                            အမိန့်အရ

 

 

                                                                                       ( အောင်အောင် )

                                                                                     ညွှန်ကြားရေးမှူးချုပ်

                                                                                 မြန်မာနိုင်ငံတော်ဗဟိုဘဏ်