မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ နိုင်ငံတကာရေပြင်မှ မြန်မာနိုင်ငံသို့ ဆက်လက်ခုတ်မောင်းလျက်ရှိ

Thursday, February 25, 2021 - 04:30

မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ နိုင်ငံတကာရေပြင်မှ မြန်မာနိုင်ငံသို့ ဆက်လက်ခုတ်မောင်းလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၃ ရက် မလေးရှားစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်တွင် လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ထွက်ခွာလာခဲ့သည်။

မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်များနှင့်အတူ လိုက်ပါလာသော မြန်မာနိုင်ငံ သားများအား စနစ်တကျနေရာချထားပေးခြင်း၊ လမ်းခရီးတစ်လျှောက်လုံခြုံရေး၊ စားသောက် နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းတို့အား ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)အပါအဝင် စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ၎င်းတို့အနက်မှ ဖျားနာရောဂါ၊ ချောင်းဆိုးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လူနာ ၅၉ ဦးတို့အား ဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၎င်းင်းတို့၏ မိသားစုဝင်များနှင့်အမြန်ဆုံးတွေ့ဆုံရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သတင်းရရှိသည်။