နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

Thursday, February 18, 2021 - 14:00

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ -၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Seri Pahlawan Haji Hamzah bin Haji Sahat နှင့် Video Conferencing ဖြင့်တွေ့ဆုံဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘရူးနိုင်းနိုင်ငံက ဥက္ကဌ အဖြစ် ၂၀၂၁ခုနှစ် မတ်လ ၁၈ ရက်တွင်ကျင်းပပြုလုပ်မည့် (၁၈)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် များ Online အစည်းအဝေး (ACDFM-18)သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါဝင် တက်ရောက်နိုင်ရေး ဖိတ်ကြားမှုအခြေအနေများ ၊အဆိုပါအစည်းအဝေးတွင် ရှင်းလင်းတင်ပြ မည့်လုပ်ငန်းစာတမ်း (working paper)နှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ COVID-19ကမ္ဘာ့ကပ်ရောဂါအလွန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားသင်တန်းဆိုင်ရာပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။