နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များကို လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့်သုတရသစာအုပ်စာစောင်များပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။