နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကွမ်းလုံမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ကောင်းတော်)၊ နောင်ချိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (လုံကာ)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ဆောင်ဟူး)၊ နမ္မတူမြို့ရှိ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်းနှင့် တန့်ယန်းမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရန်ပယ်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့တွင်းရှိ အမှတ်(၁၈)အခြေခံ ပညာအထက်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်း များအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆေင်များအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။