ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသထားမှု အောင်မြင်စွာကျင်းပပြီးစီး ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု နေပြည်တော် ဖေဖော်ဝါရီ ၁၅

Tuesday, February 15, 2022 - 14:45

ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသထားမှု အောင်မြင်စွာကျင်းပပြီးစီး

ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ဖေဖော်ဝါရီ ၁၅

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြ သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ် များအား နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသလျက်ရှိရာ ယနေ့ တတိယနေ့တွင် ပြည်သူများစိတ်ပါဝင်စားစွာ တစ်ခဲနက်လာရောက်လေ့လာ ကြည့်ရှုကြ သည်။

တပေါင်းကွင်းအတွင်း သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအနေဖြင့်လည်း လာရောက်လေ့လာကြသည့် ပြည်သူများသိရှိ လိုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေ သန္တရဗဟုသုတများကို အဖွဲ့လိုက်မျှဝေပေးကြသည်။

အဆိုပါ ဂုဏ်ပြုယာဉ်များတွင် ပြည်သူများတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံး တမ်းများကိုချစ်ခင်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား များ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသ ထုတ်ကုန်များကို သရုပ်ဖော်ပြသပေးထားရာ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အား ထက်သန်စွာ လေ့လာကြည့်ရှုကြသည်။

          ထို့ပြင် လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

          တိုင်းရင်းသားရိုးရာအမှတ်တရလက်ဆောင် ပစ္စည်းဆိုင်များ အနေဖြင့်လည်း ‌တိုင်းဒေ သကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများ နှင့်ရိုးရာဝတ်စုံများကို   ဈေးနှုန်းချို သာစွာ ရောင်းချပေးလျက်ရှိရာ ပြည်သူများစိတ်ဝင်တစား ဝယ်ယူနေကြသည်ကိုလည်း တွေ့ ရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာသီချင်းနှင့်အတူ ရိုးရာအကများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြု ပြယာဉ်များရှေ့၌ ကပြဖျော်ဖြေကြရာ ဂုဏ်ပြုယာဉ်များကို လာရောက်လေ့လာ ကြည့်ရှု ကြသည့် ပြည်သူများကလည်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ နှင့်အတူ ပါဝင်ဆင် နွှဲကြသည်။

ဂုဏ်ပြုယာဉ်များကို လာရောက်ကြည့်ရှုသည့် အများပြည်သူများ အန္တရာယ် တစ်စုံတစ်ရာမဖြစ်ပေါ်စေရန် တပ်မတော်သားများနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လည်း လုံခြုံရေးအပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ် ပေါ်က ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်  နေပြည်တော်ကျန်းမာရေးဦးစီး ဌာန၊ ကျန်းမာ ရေးဆေးအဖွဲ့မှ  ဆေးခန်းဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။

အထူးအစီအစဉ်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိုင်းရင်းသား ရိုးရာအစားအစာများကို ပြုလုပ်ရောင်းချပေးလျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်း သားအစားအစာများကို စားသုံးနိုင်သော အခွင့်အရေးဖြစ်သည့်အတွက် ပြည်သူများစိတ် ဝင်တစား ကြိတ်ကြိတ်တိုး ဝယ်ယူသုံးဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က  စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ပထမဆု ရရှိခဲ့သည့် မကွေးတိုင်း ဒေသကြီး ဂုဏ်ပြုယာဉ်ရှေ့၌ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ယဉ်ကျေးမှုအဖွဲ့ဝင် (၁၀၈) ဦးကို လက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။