ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ ကားလမ်းများပိတ်ဆို့ထားမှုဖြစ်ပွား

Thursday, February 18, 2021 - 07:15

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ ယနေ့နံနက် ၇ နာရီ ၄၅ ဝန်းကျင်ခန့်မှစ၍ မော်တော်ယာဉ်များဖြင့်ပိတ်ဆို့၍ လူစုလူဝေးပြုလုပ်ကာ အများ ပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ထိုသို့ပိတ်ဆို့ထားမှုကြောင့် ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်း၊ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့်ကုန်သည်လမ်းဆုံ၊ သန်လျင်မြို့နယ်၊ သံလျင်တံတား၊ ကမာရွတ် မြို့နယ်၊ လှည်းတန်းလမ်းဆုံ၊ ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတားအပေါ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံ လမ်း၊ ပင်လုံရင်ပြင်၊ ရန်ကင်းမြို့နယ်၊ စက်မှု(၁)လမ်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့်သံလမ်းထိပ်တို့၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အများပြည်သူခရီးသွားလာမှုအခက်အခဲများ၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲများ များပြားစွာဖြစ်ပေါ်ခဲ့ပြီး ပြည်သူများအနေဖြင့် ထိုကဲ့သို့ အများပြည်သူအကျိုး ထိခိုက်အောင် ဆောင်ရွက်ခဲ့မှုကို မကျေနပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။