နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းတွင် တည်ငြိမ်အေးချမ်း ရေးကိုပျက်စီးစေလိုသော အဖျက်အမှောင့်သမားများ၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသ လျက်ရှိရာမှ ရရှိဒဏ်ရာများဖြင့်သေဆုံးခဲ့မှုအား သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
အဆိုပါနိုင်ငံတော်တာဝန်ထမ်းဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ၏ကျန်ရစ်သူမိသားစုဝင်များ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီက တိုက်ခန်းထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ဆန်းလမ်းနှင့်လမ်း ၆၀ ထောင့်ရှိ စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)၊အောင်မြင်ထွဋ်ခေါင်ဓမ္မဗိမာန်တော်၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက အသက်ဆုံးရှုံး ခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ၏ကျန်ရစ်သူမိသားစုဝင်များ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် တိုက်ခန်းထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုက်ခန်း လွှဲပြောင်းပေးအပ်သည့် စာရွက်စာတမ်းများကို ကျန်ရစ်သူမိသားစုဝင်များအား ပေးအပ်ကာ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ကြောင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌနချုပ်မှ တာဝန်ရှိ သူများကလည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။