မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်လျက် အကြမ်းဖက်သမားများက ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

Friday, February 11, 2022 - 14:15

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်လျက် အကြမ်းဖက်သမားများက ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

              မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ် လျက် အကြမ်းဖက်သမားများက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ မရမ်းကျေးရွာ၊ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြားရှိ ရန်ကုန်-မော်လမြိုင်သွား ရထားလမ်း အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

              ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းကျေးရွာ၊ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြားရှိ ရန်ကုန်-မော်လမြိုင်သွားရထားလမ်း သံလမ်းကူးတံတားအမှတ် ၃၈ (ပေ-၄၀) သံဖရိန်တံတား၌ အကြမ်းဖက်အဖွဲ့က အဆိုပါတံတား၏အလယ် ပေ ၂၀ခန့်အကွာမှ လက်လုပ်မိုင်း လုံး၊ တံတားနှင့် ပေခန့်အကွာ သံလမ်းမှ လက်လုပ်မိုင်း လုံးတို့ တစ်ပြိုင်တည်းဖောက်ခွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မီးရထားသံလမ်း ဇလီဖားတုံး ၁၁ တုံးပျက်စီး ခဲ့သဖြင့် မီးရထားများဖြတ်သန်းသွားလာခြင်းများ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။

              ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်လျက် ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မုပ္ပလင်ဘူတာရုံပိုင်ကြီး ဦးစောနန်း ဦးစီးအဖွဲ့က မီးရထားများပြန်လည်သွားလာနိုင်ရေး အတွက် ပျက်စီးသွားသော ဇလီဖားတုံးများအား လဲလှယ်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါ သည်။