ပုသိမ်မြို့နှင့်မြောင်းမြမြို့တို့၌ ဆူပူအကြမ်းဖက်သမားများ၏ ဥပဒေမဲ့ပြုမှုခြင်းများကြောင့် ဒဏ်ရာရရှိ ခဲ့သည့် Future Green လူမှုကယ်ဆယ်ရေးအသင်းနှင့်ဖြူစင်မေတ္တာပရဟိတ အဖွဲ့ဝင် ၂ ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦးတို့အား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်

Thursday, February 18, 2021 - 07:15

 

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်သူများ၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဒဏ်ရာရရှိခဲ့သည့်  Future Green လူမှုကယ်ဆယ်ရေးအသင်းဝင် ဦးရဲသွေးနီအား နယ်မြေခံတပ်မတော် ဆေးတပ်ရင်းတွင် တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါ သည်။

ထိုသို့ဆေးကုသမှုခံယူလျက်ရှိရာမှ ဦးရဲသွေးနီသည် ဒဏ်ရာများသက်သာ ပျောက်ကင်းခဲ့ပြီဖြစ်သဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ ဦးရဲသွေးနီနှင့် အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဖြူစင်မေတ္တာပရဟိတအဖွဲ့ဝင် ဦးသန့်ဇော်ဦးတို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်ခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက် မြောင်းမြမြို့၊ ထောင်ကုန်းရပ်ကွက်၊ ထောင်အဝင် လမ်းဆုံနေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူများက ဝိုင်းဝန်းပိတ်ဆို့ နှောင့်ယှက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင်  ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များကိုလည်း အနောက်တောင်တိုင်းစစ်ဌာနချုပ်၊နယ်မြေခံတပ်မှ တာဝန်ရှိသူများက ယနေ့တွင်    စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်ပြီး အားပေးစကားပြောကြားကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။