တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ဆောင်ရွက်

Thursday, February 18, 2021 - 07:00

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ COVID-19 ရောဂါ သတ်မှတ်ချက်များအတိုင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ထိန်းချုပ်ကြပ်မတ်ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ နေ့စဉ်စစ်ဆေးပေးခြင်း၊ ဆေးစစ်ချက် ထောက်ခံချက်ထုတ်ပေးခြင်းနှင့် ကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ လာရောက်ထမ်းဆောင်မှုမရှိတော့သဖြင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားရောက်မည့် ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၆၀ ဦးတို့ကို ထားဝယ်တပ်နယ်မှ ဆေးအဖွဲ့က နယ်မြေခံတပ်နယ်ခန်းမ၌ COVID-19 Antigen Rapid Diagnostic Test(RDT) ဖြင့်ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီး လိုအပ်သည် များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။