ပြည်သူသို့အသိပေးချက်

Thursday, February 18, 2021 - 07:00

 

 

 

 

CDM အဖျက်အမှောင့်ပြုလုပ်နေသော မသမာသူအချို့အနေဖြင့် နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာပေးတော့မည် မဟုတ်ကြောင်း အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ၎င်းကောလာဟလများအပေါ် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ နိုင်ငံတော်နှင့် ပြည်သူအပေါ် တာဝန်ကျေပွန်စွာဖြင့် မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင် သွားပါရန်နှင့် လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေးသွားမည်ဖြစ် ပါကြောင်း အသိပေးအပ်ပါသည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့