(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ - ၆

Sunday, February 6, 2022 - 17:00

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၆

          ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံ အဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။

          အဆိုပါအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ လမ်းဆုံများတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်ထောင်စု အလံတော်သယ်ဆောင်လာမည့် ရာဇသင်္ဂဟလမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံတော် အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါအလံများ စိုက်ထူထားခြင်း နှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားမှု များ၊ တိုင်းရင်းသားရုပ်ပုံကားချပ်များဖြင့် အလှဆင်ထားရှိမှုများဖြင့် အလှဆင်ထား ရှိပြီး ရန်ကုန်မြို့၊ မန္တလေးမြို့တို့အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသည့် အနေဖြင့် ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။