ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး Website များတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ထုတ်ပြန်ချက်

Thursday, February 18, 2021 - 07:00

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

          မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ သာမန်သတင်းထုတ်ပြန်ရေး Website များအား ယနေ့နေ့လယ်ပိုင်း တွင် အဖျက်အမှောင့်လုပ်ဆောင်လိုသည့် မသမာသူများက ခေတ္တရပ်တန့်သွားအောင် နှောင့်ယှက်ခဲ့သည်။

၎င်း Website များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေး Website တို့အား တပ်မတော်မှကွန်ပြူတာပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် နာရီပိုင်းအတွင်း ပြန်လည်လုပ်ငန်းလည်ပတ်ခဲ့သည်။ ဗဟိုဘဏ် Website ကို မူလဆောင်ရွက် ပေးသည့် ကုမ္ပဏီအားခေါ်ယူ၍ လည်ပတ်စေရန်ဆောင်ရွက်လျက်ရှိသည်။ မူလအခြေအနေသို့ မကြာမီပြန်လည် ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ Website များသည် သာမန်နေ့စဉ်သတင်းထုတ်ပြန်နေသော Website များ ဖြစ်ပြီး လုပ်ငန်းစနစ်များဆောင်ရွက်နေသော Website များမဟုတ်ကြောင်း အများပြည်သူများ သိရှိရန် သတင်းထုတ်ပြန်အပ်ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့