နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ ပြည်တွင်းအင်အားကိ

Friday, February 4, 2022 - 16:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ()နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ

ပြည်တွင်းအင်အားကို တည်ဆောက်ကြမည်

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်တွင်းအားကိုပဲ ကျွန်တော် ယုံကြည်အားကိုးပါတယ်။

 

  • နိုင်ငံရဲ့ ပကတိ အခြေအနေအရ ပြည်ပအကူအညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်းအားနဲ့ လုပ်ဆောင်နိုင်တာများရှိပါတယ်။
  • နံပါတ်(၁)အနေနဲ့ ပြည်တွင်းအားနဲ့ ပြည်တွင်း စီးပွားရေး တိုးတက်မြှင့်တင် ပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝအရင်းအမြစ်များ၊ လူသားအရင်း အမြစ် များစွာ ရှိပါတယ်။ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပ သွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွား တိုးတက် မှု အားနည်းခဲ့ခြင်းသာ ဖြစ်ပါတယ်။
  • နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင် နိုင်ငံရေးအား မကောင်းစရာမရှိပါဘူး။
  • နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံးပါဝင်တဲ့ ကာကွယ်ရေး စွမ်းအား လုပ်ဆောင်ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ညီညွတ်တဲ့ အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီး စွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ်ရေး စွမ်းအား တည်ဆောက်သွားပါမယ်။
  • တိုင်းရင်းသား မိဘပြည်သူ အားလုံး စဉ်းစားဆင်ခြင်ပြီး ပူးပေါင်းလုပ်ဆောင် ကြဖို့ ပြောလိုပါတယ်။a