ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိနေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက် နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

Friday, February 4, 2022 - 16:45

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိနေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

          စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင်  PDF အမည်ခံအကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက် တို့မှ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်တိုက်ခိုက်လာခဲ့ပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

          ထိုကဲ့သို့ ကျေးရွာတွင်းရှိ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်မီဒီယာအချို့တို့က လူမှု ကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန် သတင်းအမှားများကို ဝါဒဖြန့် ရေးသားလျက်ရှိသည်။

          ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိသားစုဝင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ မိသားစုဝင်‌ ထဲမှ သက်ကြီးရွယ်အို အဘိုးအိုအား မီးလောင်နေသည့် အထဲသို့ ပစ်ထည့်ပြီး သတ်ဖြတ်သွားခဲ့သည့် အပြင် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိုးအိမ်နှင့် စည်းစိမ်ကိုပါမက မိသားစုဝင်၏အသက်ကိုပါ ပေးခဲ့ရသည့် ဒေသခံ ကျေးရွာသားတစ်ဦး၏ ရင်နင့်ဖွယ် စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။

          အင်းမထီးကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား PDF အမည်ခံအကြမ်းဖက် သမားများက ရက်စက်စွာသတ်ဖြတ်၍ နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့ သည့်အပြင် အပြစ်မဲ့ ဇနီးဖြစ်သူကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကိုလည်း ဒေသခံရွာသား သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းထံမှ ယခုကဲ့သို့ ကြားသိရပါသည်။

          PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိသားစုဝင်များကို အမျိုးမျိုး ခြိမ်းခြောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်၍ နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့ခဲ့ကာ ကျန်းမာရေးနှင့် စားရေ ရိက္ခာ အတွက် သွားရောက်ဝယ်ယူရန်လမ်းကြောင်းများကိုလည်း  ပိတ်ဆို့ထားသည့်အပြင် သား ဖြစ်သူပါ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဒေသခံရွာသား ဖခင် ၁ ဦး၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။      

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီးကျေးရွာ သို့ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့်အဖွဲ့ဝင်များက သွားရောက်၍ ဒေသခံကျေးရွာသူ/ ကျေးရွာသားများအား ကျေးရွာစာသင်ကျောင်း၌ တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ပြီး ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သတင်းရရှိသည်။