နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်တွင်အရေးပေါ်အခြေအနေ သတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ ယန္တရား ကို ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်စေရန်ဆောင်ရွက်လျက်ရှိရာ အနုပညာနယ်ပယ်မှ သရုပ်ဆောင်ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင်လူမင်း၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ဏကြီးနှင့်အဆိုတော် အနဂ္ဂ တို့သည် မိမိတို့၏ထင်ပေါ်ကျော်ကြားမှုကိုအသုံးပြုပြီး နိုင်ငံ့တာဝန် ကို ထမ်းဆောင်နေသည့်ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင်ပါဝင်လာစေရန် လှုံ့ဆော် ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ ဆူပူဆန္ဒပြမှုများတွင်ပါဝင်လာစေရန် လှုံ့ဆော်ခြင်းများပြုလုပ်သဖြင့် ၎င်းတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုရေးဖွင့်ထားရှိ ပြီးဖြစ်ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသဖြင့် နိုင်ငံ တော်တည်ငြိမ်ရေးပျက်ပြားစေရန်နှင့်နိုင်ငံတော်၏ယန္တရားများလည်ပတ်ခြင်းကို ထိခိုက်စေရန် လှုံ့ဆော်လျက်ရှိသော ပြေတီဦး၊ ကိုပေါက်၊ လူမင်း၊ ဝိုင်း၊ ဏကြီးနှင့်အနဂ္ဂတို့အား ဖမ်းဆီးရမိ ရေးအတွက် အနီးဆုံးရဲစခန်းများနှင့်နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည့် တယ်လီဖုန်းနံပါတ်များသို့ သတင်းပေးတိုင်တန်းနိုင် ကြောင်းနှင့် ၎င်းတို့အားလက်ခံထားပါက လက်ခံထားသူများကိုပါ ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိ ရပါသည်။