မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေစေရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လက်လုပ်မိုင်းတပ်ဆင်သူ အကြမ်းဖက်သမား သေဆုံး

Thursday, February 3, 2022 - 16:00

 

နေပြည်တော်၊ ဖေဖော်ဝါရီ

            မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေစေရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လက်လုပ်မိုင်း တပ်ဆင်သူ အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း  သိရသည်။

            ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ရက်နေ့ နံနက် နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက် ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘီးလင်း-နတ်ကြီး ကားလမ်းပေါ်ရှိ တံတားအမှတ်(/)အနီး လမ်း၏ယာဘက် ပေခန့်အကွာ၌ အကြမ်းဖက်သမား ဦးက လမ်းဘေးမြေသား၌ အဆိုပါလမ်းပေါ်သွားလာလှုပ်ရှားနေသည့် အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်သေကြေ၊ ဒဏ်ရာရရှိစေရန်အတွက် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသား၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ကာ သေဆုံးနေပြီး ပေါက်ကွဲထားသည့်နေရာမှ ဓာတ်ခဲအသေး တစ်လုံး၊ ဆားကစ်ပြားတစ်ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

              ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ရန်အတွက် လမ်းဘေး၌ မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း  သတင်းရရှိသည်။