တောင်ပေါ်ဒေသဆောက်လုပ်ရေးကုမ္ပဏီ တိုးဂိတ်ကောင်တာနှင့်မှန်တံခါးများအား ဆိုင်ကယ် မောင်းနှင်သူ တစ်ဦးက သံတုတ်များ၊ ခဲများဖြင့် ရိုက်နှက်ဖျက်ဆီးထွက်ပြေးခဲ့

Wednesday, February 17, 2021 - 06:15

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၆

မိတ္ထီလာ-တောင်ကြီးလမ်းပိုင်း၊ တောင်ပေါ်ဒေသဆောက်လုပ်ရေးကုမ္ပဏီတိုးဂိတ် ကောင်တာအား ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးက ခဲဖြင့်ပေါက်၊ သံတုတ်ဖြင့်ရိုက်နှက် ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သာစည်မြို့ဘက်မှ မိတ္ထီလာမြို့ဘက်သို့ မောင်းနှင်လာသော အမျိုးအစား 7J/---- TownAce နက်ပြာရောင်ယာဉ်သည် ယနေ့နေ့လယ် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာ-တောင်ကြီးလမ်းအတိုင်း မောင်းနှင်လာစဉ် တောင်ပေါ်ဒေသဆောက်လုပ်ရေးကုမ္ပဏီ တိုးဂိတ်အရောက်၌ ၎င်းယာဉ်နှင့်အတူမောင်းနှင်လာသည့် ဆိုင်ကယ်သမားမှ လမ်းအသုံးပြုခ ငွေပေးချေရာတွင် တရုတ်ယွမ်ငွေ ၂၀၀ တန်အား တိုးဂိတ်ဝန်ထမ်းထံသို့ပေးအပ်ရာ ဝန်ထမ်း ဖြစ်သူမှ တရုတ်ငွေပေး၍ မရကြောင်း၊ မြန်မာငွေပေးရန် ပြန်လည်ပြောကြားခဲ့ရာ ဆိုင်ကယ် သမားမှ မြန်မာငွေနှင့်ရှင်း၍ ထွက်ခွာသွားခဲ့ပြီး ၅ မိနစ်ခန့်အကြာတွင် ဆိုင်ကယ်သမားမှ ပြန်လည်လှည့်လာပြီး ခဲများဖြင့်ပေါက်ခြင်း၊ သံတုတ်နှင့်ရိုက်နှက်ခဲ့ခြင်းတို့ကြောင့် တိုးဂိတ် ကောင်တာရှိ မှန် ၃ ချပ်ကွဲအက် ပျက်စီးသွားခဲ့ကြောင်းသိရသည်။

အဆိုပါဆိုင်ကယ်သမားအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။