Wednesday, February 17, 2021 - 05:45
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာ မိုးမြင့်မောင် ဦးစီးသည့် ဆရာဝန် ၆ ဦးတို့သည် ယနေ့တွင် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ တစ်ပြိုင်တည်းခွင့်တင်၍ ဆေးရုံမှ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ကျန်းမာရေးလုပ်ငန်းများကို ဆောင် ရွက်ပေးခြင်းမရှိသည့်အပေါ် ဒေသခံပြည်သူများက ကြွေးကြော်သံများဖြင့် ရှုံ့ချဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။