နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅
နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး ဆူပူဆန္ဒပြသူ များတွင် တည်ငြိမ်အေးချမ်းစွာဆန္ဒပြသူများနှင့်အတူ အဖျက်အမှောင့်ဖြစ်စေလိုသော ရည်ရွယ် ချက်ဖြင့် အကြမ်းဖက်ဆန္ဒပြသူများ ပါဝင်နေသည့်အတွက် မိဘပြည်သူများ လုံခြုံရေး အတွက် တပ်မတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြို့နယ်၊ရပ်ရွာလုံခြုံရေးနှင့် ဆက်သွယ် ရေးလမ်းကြောင်းများ လုံခြုံမှုရှိစေရေးတို့အတွက် နေ့ညမပြတ်ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့၊ မန်ခိုရပ်ကွက်၊ နယ်မြေ(၁၁)ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး လုံခြုံရေးဆောင်ရွက် နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူများက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။