အရပ်သားဆရာဝန်များနှင့်သူနာပြုများ မရှိ၍ ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သာစည်မြို့နယ်ပြည်သူ့ဆေးရုံသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများက သွားရောက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Tuesday, February 16, 2021 - 08:15

 

 

 

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆရာဝန်များနှင့် သူနာ ပြုများက ၎င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဆေးကု သမှုခံယူရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင်အလုပ်ဆင်းပြီး တာဝန်ကျေပွန် စွာထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီတောင်းခံလာခဲ့သည်။

အဆိုပါအကူအညီတောင်းခံလာမှုကြောင့် မိတ္ထီလာမြို့ တပ်မတော်ဆေးရုံမှ ၊ တပ်မတော် သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား ချက်ချင်း စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့်ဒေသခံပြည်သူများအား သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် အမျိုးသား ၆၈ ဦးနှင့်အမျိုးသမီး ၉၄ ဦး၊ စုစုပေါင်း ၁၆၂ ဦးတို့ကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။