ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Tuesday, February 16, 2021 - 07:15

 

 

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာ ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်၊၊

အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကော်မတီ(၅)ရပ် ဖွဲ့စည်းပေးထားပါကြောင်း၊  ၎င်းငျးအနကျ မိမိတို့ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေ ဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းတာဝန်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များ ကို ပြောင်းလဲမည်မဟုတ်ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များကို စုပေါင်းဦးဆောင်မှုဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကော်မတီက ဆောင်ရွက်လကျြရှိသည့် လုပ်ငန်းတာဝန်များဖြစ်သည့် ပြည်ပသို့ ပညာတော်သင်စေလွှတ်ခြင်းကိစ္စ၊ ပြည်တွင်း/ပြည်ပတွင် ကျင်းပသည့် အစည်းအဝေးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်စေလွှတ်ခြင်းကိစ္စ၊ ပြည်ပနိုင်ငံများ သို့ အလုပ်သမားစေလွှတ်ခြင်း ကိစ္စအပါအဝင်နိုင်ငံခြားငွေသုံးစွဲရသည့် အစည်းအဝေး များ ကျင်းပခြင်းကိစ္စတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင် သတင်းရရှိသည်။