သာသနာ့အရေခြုံကာ သံဃာ့ဝိနည်းနှင့်အညီကျင့်ကြံနေထိုင်ခြင်းမရှိဘဲ သာသနာညှိုးနွမ်းစေရန် လုပ်ဆောင်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ပြည်တော်သာကျောင်းတိုက်မှ ဦးဇဝန(ခ)ဇာနည်ကိုကို အား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီလ ၈ ရက်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဦးဇဝန က ၎င်း၏မွေးနေ့ပွဲပြုလုပ်မှုအား Ashin Zawana Facebook Account ၌ ရုပ်သံဖိုင် Live လွှင့်ခဲ့ပါသည်။ ၎င်းရုပ်သံဖိုင်တွင် ဦးဇဝန သည် သာမန်လူပုဂ္ဂိုလ်များကဲ့သို့ မွေးနေ့အား ကျင်းပပြုလုပ်ခဲ့သည့်အပြင် ၎င်းကို ကိုးကွယ်သူများက နမ်းခြင်း၊ မွေးနေ့သီချင်းများသီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ကခုန်ခြင်းများပြုလုပ်ခဲ့မှုသည် သံဃာ့ဝိနည်းနှင့်မညီသည့်အပြင် သာသနာ ညှိုးနွမ်းစေနိုင်သည့် လုပ်ဆောင်မှုများဖြစ်သောကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး ဇန်နဝါရီလ ၃ ရက်တွင် ဦးဇဝန(ခ) ဇာနည်ကိုကို အား ၎င်းမွေးနေ့ပွဲကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်း နှင့် ၁၀၂(A) လမ်းထောင့်ရှိ ဇော်မျိုးအောင်၏နေအိမ်၌ ဇော်မျိုးအောင် အပါအဝင် သာသနာညှိုးနွမ်း အောင် ပူးပေါင်းပါဝင်သူ ၁၃ ဦး နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
စိစစ်ဖော်ထုတ်ချက်များအရ ဦးဇဝန(ခ) ဇာနည်ကိုကို သည် Ashin Zawana Facebook Account ဖြင့် ဆူပူဆန္ဒပြမှုများအား အားပေးထောက်ခံရေးသားခြင်း၊ ဝန်ထမ်းများ CDM တွင် ပါဝင်လာစေရေး လှုံ့ဆော်ရေးသားခြင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် မမှန်သတင်းရေးသားခြင်းများပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ဦးဇဝန(ခ)ဇာနည်ကိုကို သည် သံဃာတော်များအသုံးပြုရန် သင့်တော်ခြင်း မရှိသော တန်ဖိုးကြီးဖိနပ်၊ လက်ကိုင်အိတ်၊ မျက်မှန်၊ တောင်ဝှေး စသည့် သာမန်လူပုဂ္ဂိုလ် အသုံးအဆောင်ပစ္စည်းများအား ဝတ်ဆင်အသုံးပြုခဲ့ကြောင်း၊ ၎င်းအသုံးအဆောင်များဖြင့် အလှဓာတ်ပုံများရိုက်ကူးကာ သံဃာ့ဝိနည်းအား လိုက်နာခြင်းမရှိဘဲ Facebook တွင် Post တင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ဦးဇဝန(ခ)ဇာနည်ကိုကို သည် ဘာသာရေးအရေခြုံ၍ လောင်းကစားပြုလုပ်သူ များအား အကြံဉာဏ်ပေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ကိုယ်တိုင် ၂ လုံးထီ၊ ၃ လုံးထီ လောင်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အလှူရှင်များထံမှရရှိသည့် အလှူငွေများ အတွင်းမှ ငွေကျပ် သိန်း ၈၀၀ အား ၂ လုံးထီ၊ ၃ လုံးထီနှင့် ဘောလုံးပွဲလောင်းကစား ပြုလုပ်ရာ၌ ငွေကြေးလိုအပ်နေသည့် ဇော်မျိုးအောင် ထံ ချေးငှားပေး၍ တရားမဝင် လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ဇော်မျိုးအောင် သည် ၎င်း၏ နေအိမ်တွင် ဦးဇဝန(ခ)ဇာနည်ကိုကို၏ မွေးနေ့ပွဲအား ဦးစီးကျင်းပပေးခြင်း၊ ၂ လုံးထီ၊ ၃ လုံးထီ လောင်းကစားဒိုင်လုပ်ကိုင်ခြင်း၊ ၎င်း၏နေအိမ်များအား ဘဏ်များတွင် ပေါင်နှံခဲ့ရာမှ ပြန်လည်ပေးဆပ်နိုင်မှုမရှိသည့်အတွက် တရားစွဲဆိုခြင်းခံထားရသူဖြစ်ကြောင်း၊ ဦးဇဝနနှင့် ပူးပေါင်း၍ ငွေကြေးလိမ်လည်ထားသူဖြစ်ကြောင်း သိရှိရသည်။
စိစစ်ချက်များအရ ဦးဇဝန(ခ) ဇာနည်ကိုကိုသည် လိင်တူဆက်ဆံခြင်းကို ဝါသနာ ပါသူတစ်ဦးဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သူ ကပ္ပိယလူငယ် ၅ ဦးနှင့် လိင်တူဆက်ဆံခဲ့ကြောင်း အောက်ပါအတိုင်းဖော်ထုတ်တွေ့ရှိရပါသည်-
ဦးဇဝန(ခ)ဇာနည်ကိုကို သည် ၂၀၀၂ ခုနှစ်တွင် ကိုရင်ဘဝဖြင့် စဉ့်ကိုင်မြို့ရှိ ရွှေကျီးနားကျောင်းတိုက်၌ သီတင်းသုံးစဉ် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ပထမအကြိမ် လိင်တူဆက်ဆံခဲ့ရာမှစ၍ လိင်တူဆက်ဆံခြင်းကို တပ်မက်စွဲလန်းခဲ့ကြောင်း၊
၂၀၁၈ ခုနှစ်ခန့်မှစတင်၍ ၎င်း၏တပည့်ဖြစ်သူ ကလေးဝမြို့နယ်၊ ဆင်အိုင်မ ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လိင်တူဆက်ဆံခြင်းအား ၁ ပတ်လျှင် ၁ ကြိမ်ခန့်အထိ ပြုလုပ်ခဲ့ကြောင်း၊
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ ကျောင်းတိုက် တွင် လာရောက် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၈ ကြိမ် လိင်တူဆက်ဆံခဲ့ကြောင်း၊
၂၀၂၁ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအတွင်း ကျောင်းတိုက်တွင်အတူနေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၂ ကြိမ်ခန့် လိင်တူဆက်ဆံခဲ့ကြောင်း၊
နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်တော်သာကျောင်းတိုက်အတွင်းရှိ အိပ်ခန်းနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ဇော်မျိုးအောင်၏ နေအိမ်တို့၌ အသက် ၂၃ နှစ်နှင့် အသက် ၁၇ နှစ် အရွယ် အမျိုးသား ၂ ဦးတို့နှင့် လိင်တူဆက်ဆံခဲ့ကြောင်း၊
၂၀၂၁ ခုနှစ်၊ ဩဂုတ်လခန့်မှစတင်၍ ပြည်တော်သာကျောင်းတိုက်တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အကြိမ် ၂၀ ခန့် လိင်တူဆက်ဆံ ခဲ့ကြောင်း သိရှိရသည်။
ဦးဇဝန(ခ)ဇာနည်ကိုကို သည် သာသနာ့အရေခြုံကာ သံဃာဝိနည်းနှင့်မညီသော လောင်းကစားမှု ပြုလုပ်ခြင်း၊ သဘာဝနှင့်ဆန့်ကျင်၍ လိင်တူဆက်ဆံခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သွေးထိုး လှုံ့ဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ဘာသာသာသနာညှိုးနွမ်းစေရန် ပြုလုပ်ခဲ့သည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅၊ ၅၀၅-က၊ လောင်းကစားဥပဒေ တို့ဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။