ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ နေပြည်တော် ဇန်နဝါရီ ၈

Saturday, January 8, 2022 - 13:45

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

နေပြည်တော် ဇန်နဝါရီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ်အဖြစ်ရောက်ရှိနေသည့်  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယား နိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် တာဝန်ရှိသူများကဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့လာရောက်သည့် အလုပ်သဘော ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခြင်းများ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။