နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄
လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ် လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုအချို့ ဖြစ်ပွားလျက်ရှိပြီး ကောလာဟလများကြောင့် ညပိုင်းများတွင် မိဘပြည်သူများ ထိတ်လန့် စိုးရွံ့စွာဖြင့် နေထိုင်ရလျက်ရှိကြောင်းသိရှိရသည်။
ထိုသို့ထိတ်လန့်စိုးရွံ့စွာနေထိုင်နေရသော မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာနေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ယနေ့ညပိုင်းမှစတင်၍ လုံခြုံရေးအား ပြည့်၀စွာဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုံခြုံရေးပြည့်၀စွာဆောင်ရွက်ပေးမည့်အတွက် မိဘပြည်သူ များကလည်း ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။