ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သား မိသားစုဝင် များအား CDF အမည်ခံအကြမ်းဖက်သမားများကအကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်

Wednesday, December 29, 2021 - 15:00

 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၉

          CDF အမည်ခံ အကြမ်းဖက်သမားများက ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သားမိသားစုဝင်များအား ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အကြောင်းမဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာသို့ CDF အမည်ခံ အကြမ်းဖက်သမားများသည် ညနေ ၅ နာရီခန့်တွင် မော်တော်ဆိုင်ကယ် ၅ စီး ဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ တပ်မတော်သား မိသားစုဝင်များဖြစ်သည့် ၂ နှစ်နှင့် ၁ လသားအရွယ်ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးအား အကြောင်း မဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

          အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိသားစုဝင် များအား အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။