(၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်
ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ
၂၀၂၁/ဒီဇင်ဘာ(၂၄)ရက်
(၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် သန်လျင်တပ်နယ် မှ အရာရှိကြီးများတက်ရောက်ကြသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်းကျင်းပပြုလုပ်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြ အခမ်းအနားမှပြန်လည်ထွက်ခွာသည်။
ထို့အတူ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်း အမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်း အနားအား သန်လျင်တပ်နယ် မဟာနာဝါနီကဇယမင်္ဂလာဗိမာန်တော်၌ကျင်းပရာ သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါ်အေးခိုင်ညွန့်၊ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင်တပ်နယ်မှအရာရှိကြီးများ တက်ရောက်ကြ သည်။
အစီအစဉ်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များ အား နာယူကြသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော်ထံ မှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။