စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်း လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်

Thursday, December 23, 2021 - 15:15

 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၃

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်း ဒေသခံ ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာ၌  ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၃၀၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်ဘက်သို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

            ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ အလောင်း လောင်း၊ အာပီဂျီ လက်(ပျက်စီး) လက်လုပ်မိုင်း လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၅၀ ခု၊ မီးရှို့စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (မီတာ ၅၀ ပါ) ခွေတို့အား  သိမ်းဆည်းရမိခဲ့သည်။

            အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တာဝန်သိပြည်သူများအနေဖြင့် လည်း  ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။