နေပြည်တော်၊ ဒီဇင်ဘာ ၂၂
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ မြဝတီခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းမင်းစိုး နှင့် ကျောင်းဆင်း ဗိုလ်လောင်းများတက်ရောက်ကြသည်။
အခမ်းအနား အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော် အရာရှိကြီးများနှင့်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်တွင်နေရာယူကြသည်။ ဆက် လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦး ချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများပေးအပ်ပြီးနောက် အမှာစကား ပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနား တွင် ကျောင်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရအမျိုးသမီးအရာရှိဗိုလ်လောင်းသင်တန်း အား တပ်မတော်အတွက် အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ် ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုအခါဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းအမှတ်စဉ်(၈)အထိ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် သင်တန်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် သက်ဆိုင်ရာ(ကြည်း၊ ရေ၊လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီးတာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သတင်း ရရှိသည်။