စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း  အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်ရန် ရောက်ရှိနေသော KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအား ဝင်ရောက်ဖမ်းဆီး

Wednesday, December 22, 2021 - 16:00

 

နေပြည်တော်၊ ဒီဇင်ဘာ-၂၂

               CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိန့်တလန့်ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ နှင့် ဆရာတော်သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိ သည့်အပြင် အချို့ကျေးရွာများအတွင်း ဝင်ရောက်၍ အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိသဖြင့် အများပြည်သူ အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

               ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အတွက် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများစုဝေးရောက်ရှိနေကြောင်း သတင်းအရ ညနေ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

               ထိုသို့ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ညနေ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများ ကျေးရွာ၏အရှေ့မြောက်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး အကြမ်းဖက်သမားအလောင်း လောင်း၊ M-22 သေနတ် လက်၊ KO-11 သေနတ် လက်၊ တစ်တောင့်ထိုးသေနတ် လက်၊ လက်ပစ်ဗုံး လုံး၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ကျည်မျိုးစုံ ၆၈၅ တောင့်နှင့် လမ်းလျှောက်စကားပြောစက် လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

               အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။