ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

Sunday, February 14, 2021 - 03:30

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း ထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရားစေတီပုထိုးများကို COVID-19 စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာ၀နာပွားများနိုင်ရေး အတွက်  ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ဖူးမြော်ခွင့်ပြုထားခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ရှိဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော်ကြည်ညိုကြသူ ဘုရားဖူးလာ သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကုသိုလ်ယူ လျက်ရှိကြသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီ အထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိသည်။