သန်လျင်မြို့နယ်၊ လဟာရက်ကျေးရွာ၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိမှု ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

Saturday, December 18, 2021 - 14:30

                နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ များမှ ပြည်သူလူထုအထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင် ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏သတင်းပေးချက်အရ ဒီဇင်ဘာလ ၁၇ ရက်တွင် သန်လျင်မြို့နယ်၊ လဟာရက်ကျေးရွာအပြင်ဘက်ရှိ လယ်တဲအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ရာ သန့်ဇော်အောင်()စိုးလေး(၂၉)နှစ်၊ ရဲမင်းဖြိုး()ကိုဖြိုး(၂၇)နှစ်၊ ဖြိုးမောင်မောင် ()ဖြိုးကြီး(၃၂)နှစ်(သေဆုံး)နှင့် ၎င်း၏ရည်းစားဖြစ်သူ စန္ဒာ(၁၇)နှစ်တို့ ဦးအား M-16 ၁ လက်၊ M-22 ၁ လက်၊ ပစ္စတို ၁ လက်၊ M-16 ကျည်အိမ် ၂ ခု၊ M-22 ကျည်အိမ် ၁ ခု၊ SIG SAUER ပစ္စတိုကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည်    ၅၀ တောင့်၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်း များတွင် အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်းများအား သိုဝှက်သိမ်းဆည်းပေးထားသော သန်လျင်မြို့နယ်၊ လဟာရက်ကျေးရွာနေ ဆက်စပ်တရားခံ တင်ထွန်းခိုင်(၄၁)နှစ်အား ပိုတက်ဆီယမ်ကာဗွန်နိတ် ၁၃ ထုပ်၊ ဆီလီကွန်ပုံစံခွက် ၁၀ ခု၊ Sulphuric Acid ၁ ဗူး၊ သံဘောစေ့ ၃ ဗူး၊ သံဖောက်စက် ၁ ခု၊ ဆီလီကွန်မှုန့် ၁၀ ပိဿာခန့်၊ အက်ဆစ်အရည်ပုံး ၁ ပုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

                 ဖြစ်စဉ်တွင်ဖမ်းဆီးရမိတရားခံ ကျား ဦး၊ ဦး ပေါင်း ဦးတို့အား M-16 ၁ လက်၊ M-22 ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်မျိုးစုံ ၉၅ တောင့်၊ ဖောက်ခွဲရေးပစ္စည်းများတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သန့်ဇော်အောင် () စိုးလေး နှင့် ဖြိုးမောင်မောင်()ဖြိုးကြီး သည် ဇူလိုင်လတွင် KNLA တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်မှ ရင်းမှူး အဆင့်ရှိ ရန်နိုင် ဖွင့်လှစ်သော အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအားလည်းကောင်း၊ ရဲမင်းဖြိုး()ကိုဖြိုး သည် ဩဂုတ်လတွင် ကယားပြည်နယ်၊ ရှမ်းစုကျေးရွာအနီး၌  အကြမ်း ဖက်ဖောက်ခွဲရေး သင်တန်းအားလည်းကောင်း တက်ရောက်ထားသူများဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ ဖြိုးမောင်မောင်()ဖြိုးကြီး မှ အကြမ်းဖက်လုပ်ငန်း များတွင် အသုံးပြုရန် KNLA တပ်မဟာ(၆)နယ်မြေမှ ချိတ်ဆက်မှာယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

                   ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်မှုအနေဖြင့် ၄ ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှုအနေဖြင့် ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း  ဖော်ထုတ်သိရှိရပြီး ကျူးလွန်ခဲ့မှုများအနေဖြင့်-

                 စက်တင်ဘာလ ၂၉ ရက်တွင် တရားခံ ‌ဖြိုးမောင်မောင်()ဖြိုးကြီးသည် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း။

                 နိုဝင်ဘာလ ၁ ရက်တွင် တရားခံ ဖြိုးမောင်မောင်()ဖြိုးကြီး သည် ဖမ်းဆီး ရန်ကျန် တရားခံ ဖိုးကုလား၊ အာနိုး၊ နှုတ်ခမ်းမွှေး တို့နှင့်အတူ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်း ရပ်ကွက်နေ အပြစ်မဲ့ပြည်သူများအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း။

                 နိုဝင်ဘာလ ၁၈ ရက်နှင့် ၃၀ ရက်တို့ တွင် တရားခံ ဖြိုးမောင်မောင်()ဖြိုးကြီး သည် ဖမ်းဆီးရန်ကျန် တရားခံ မျိုးမင်းဦး၊ ရဲဇော်နိုင်၊ ကောင်လေး တို့နှင့်အတူ သန်လျင် မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ၂ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း။

                 ဒီဇင်ဘာလ ၉ ရက်တွင် တရားခံ ဖြိုးမောင်မောင်()ဖြိုးကြီး သည် ဖမ်းဆီး ရန်ကျန် တရားခံ ဖိုးကုလား နှင့်အတူ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 အောက်တိုဘာလ ၁၃ ရက်တွင် တရားခံ သန့်ဇော်အောင်()စိုးလေး သည် ဖမ်းဆီးရန်ကျန် တရားခံ ကိုဂျိတ်()ဇေယျာ၊ ဟိန်းကိုဦး တို့နှင့်အတူ တောင်ဥက္ကလာပ မြို့နယ်၊ ပါရမီမီးပွိုင့်ရှိ CCTV Control Box အား လက်လုပ်ဗုံးဖြင့် လည်းကောင်း။

                 အောက်တိုဘာလ ၁၈ ရက်တွင် တရားခံ ရဲမင်းဖြိုး()ကိုဖြိုးနှင့် သန့်ဇော်အောင် ()စိုးလေး တို့သည် ဖမ်းဆီးရန်ကျန် တရားခံ ကိုဂျိတ်()ဇေယျာ၊ ဟိန်းကိုဦး တို့နှင့်အတူ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနှင့် ဟံသာဝတီမီးပွိုင့်လမ်းထောင့်ရှိ CCTV Control Box အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 အထက်ပါဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။