(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

Wednesday, December 15, 2021 - 15:00

(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်တွင် ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဉတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ဒေါ်အေးနုစိန်၊ဦးမောင်းဟာ၊  ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဉီးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဉီးမင်းသိန်းဇံ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဉီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြ သည်။

ဉီးစွာ ရခိုင်တိုင်းရင်းသား ရိုးရာအကအဖွဲ့က ''ဂုဏ်တော်ဖွင့်ဆီမီးခွက်'' ယိမ်း အကဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဖတ် ကြားသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ စီမံဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စီမံထူးချွန်ဆုရရှိကြသူများ၊ လူမှုထူးချွန်ဆုရရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ ပြည်နယ်အတွင်း မူးယစ် ဆေးဝါးများနှင့် တရားမဝင်သစ်များကို ဖမ်းဆီးရမိခဲ့ကြသည့် တပ်မတော်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များကိုလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ တွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအတွက် DVB-T2 Set Top Box ၁၅၀၀ လုံးကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက်  မြို၊ ခမီ၊ ဒိုင်းနက်၊ သက်၊ ရခိုင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေကြသည်။ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယနေ့သည် (၄၇)နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်း သတင်း ရရှိသည်။