လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ “သီတာဆန်း”ဘော်ဒါဆောင်၌ လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Tuesday, December 14, 2021 - 14:45

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သီတာဆန်းဘော်ဒါဆောင်၌ လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ နာရီခွဲခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပေါ်ဆန်းမွှေး()လမ်း အမှတ်(၃၈၆/)ရှိသီတာဆန်းဘော်ဒါဆောင်၌ ပေါက်ကွဲမှုဖြစ်ပွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘော်ဒါဆောင်၌ လာရောက်တည်းခိုနေထိုင်သည့် ကောင်းမြတ်(၁၉)နှစ် ()ဦးရဲမြင့်ထွန်း သည် လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးကုသမှုခံယူနိုင်ရေး လှိုင်သာယာ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။

ထို့သို့ အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သည့် ကောင်းမြတ် အား ဥပဒေနှင်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။