တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင် နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

Monday, December 13, 2021 - 15:15

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုးနိုင်သော Sinopharm ဆေးနှင့် ဆေးတစ်လုံးလျှင် လူ ၂ ဦး ထိုးနိုင် သော Sinovac ဆေးများကို ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ Sinopharm ၂၂၀၀ လုံးနှင့် Sinovac ၅၀၀ လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ Sinopharm ၉၁၇၀ လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ Sinopharm ၂၃၈၈ လုံးနှင့် Sinovac ၁၆၇၅ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ Sinopharm ၄၂၇၄ လုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ၁၆၆၉၃ လုံးနှင့် Sinovac ၁၅၀၀၀ လုံး၊ သံတွဲမြို့သို့ Sinopharm ၅၈၇၀ လုံးနှင့် Sinovac ၁၀၀၀၀ လုံး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ Sinopharm ၁၀၂၅၇ လုံးနှင့် Sinovac ၃၈၈၀ လုံးတို့ကို တပ်မတော် လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။