ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူ ဆန္ဒပြမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲထိန်းသိမ်းခြင်းများ ဆောင်ရွက် နေပြည်တော်၊ ဒီဇင်ဘာ - ၅                  

Sunday, December 5, 2021 - 16:15

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူ ဆန္ဒပြမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲထိန်းသိမ်းခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၅                                                    

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(တောင်/ အနောက်)ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၌ ယနေ့နံနက်ပိုင်းက တရားမဝင် ခွင့်ပြု ချက်မဲ့ လူတစ်စုမှ ဆူပူအော်ဟစ်မှုများပြုလုပ်နေကြောင်း ဆူပူမှုကို မလိုလားသော ပြည်သူအချို့၏ သတင်း ပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ လူစုခွဲ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါခွင့်ပြုချက်မဲ့ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ကျား ၈ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျား ၂ ဦးတွင် မစိုးရိမ်ရဒဏ်ရာများနှင့် မ ၁ ဦးတွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။ ဖမ်းဆီးရရှိသူများအား တရားဥပဒေနှင့်အညီ အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအားနီးစပ်ရာ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။