တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

Monday, November 29, 2021 - 14:30

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဉီးစီဌာန ၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဆေးတစ်လုံးလျှင်(၅)ယောက်ထိုးနိုင်သော Sinopharm ဆေး  ၄၆၂၄ လုံး၊ သံတွဲမြို့သို့ Sinopharm ဆေး ၁၀၈၀ လုံး၊ ကယားပြည်နယ်၊ လွိုင်ကော် မြို့သို့ Sinopharm ဆေး ၃၇ လုံးနှင့် ဆေးထိုးအပ် ၁၆၀၀၀ ချောင်း၊ ရှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့  Sinopharm ဆေး ၂၄၅၄ လုံး နှင့် ဆေးထိုးအပ် ၈၀၀၀၀ ချောင်း၊ ရှမ်းပြည်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့  Sinopharm ဆေး ၄၀၃၄ လုံး၊ ဆေးတစ်လုံးလျှင်(၂)ယောက်ထိုးနိုင်သော Sinovac ဆေး ၅၀၀ လုံးနှင့် ဆေးထိုးအပ် ၃၂၀၀၀၀ ချောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့  Sinopharm ဆေး ၅၆၄ လုံး၊ Sinovac ဆေး ၇၅၀ လုံးနှင့် ဆေးထိုးအပ် ၁၉၂၀၀၀ ချောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ Sinopharm ဆေး ၁၁၇၂ လုံး နှင့် ဆေးထိုးအပ် ၉၆၀၀၀ ချောင်း၊ ကော့သောင်းမြို့သို့ Sinopharm ဆေး၂၄၁၀ လုံးနှင့် ဆေးထိုးအပ် ၅၄၄၀၀ ချောင်းတို့ကို  တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ် များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။