နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့၏ (၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ နေပြည်တော် နိုဝင်ဘာ ၂၈

Sunday, November 28, 2021 - 15:30

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့၏ (၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၈

          နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့၏ (၂၆) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် တက္ကသိုလ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ဆရာ တော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့မှ သင်ကြား/စီမံ ဆရာတော် များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ ဘွဲ့ခံသံဃာတော် အပါး(၇၀)၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)မှ ဘွဲ့ခံသံဃာတော်(၈၆)ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကို ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး အမှုးပြု သော ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ဆရာတော်ကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သာရဏီယဩဝါဒကထာ နာယူကြသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသ (မိုင်းသောက်) ဆရာတော်ကြီးထံမှ သမ္မော ဒနီယဩဝါဒကထာနာယူကြသည်။

          ယင်းနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမုဒက (၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်း သဘင် နှင့်စပ်လျဉ်း၍ လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက သာသနာ ရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာ တော်က သာသနတက္က သီလဓမ္မပါရဂူ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်၏ ဘွဲ့တော်ကို ကြေညာ၍ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံတွင် ဘွဲ့စာရင်းကို အတည်ပြုလက်မှတ်ရေးထိုး သည်။

ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်း ဆရာတော်က သာသနတက္ကသီလမဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော် များနှင့် သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့ခံယူမည့်ရဟန်းတော်တစ်ပါးချင်း၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော် ထံတွင်ဘွဲ့ခံယူပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော်က သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူမည့် ရဟန်းတော် တစ်ပါးချင်း၏ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံတွင် အသီးသီး ဘွဲ့ခံယူကြသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာခံယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသည့် ပရိတ် သတ်အပေါင်းတို့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ ဒုတိယအဓိပတိ၊ နိုင်ငံ တော်သံဃမဟာ နယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂဓမ္မဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြု သော ပင့်သံဃာတော် ၁၈ ပါး၊ ဘွဲ့ခံရဟန်းတော် ၁၃၈ ပါး၊ စုစုပေါင်း ၁၅၆ ပါးတို့ကို သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများ အလှူ ရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် နံနက် ၈ နာရီက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ အနုပညာဦးစီးဌာနသို့ရောက်ရှိပြီး အနုပညာအထက်တန်းကျောင်း ပန်တျာ၊ ပန်းချီ ပန်းပု ဌာနရှိကျောင်းသားများ၏ လက်တွေ့ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေး၍ ထုတ်လုပ် ဌာနစုရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ပြတင်ဆက်မှုနှင့် ထုတ်လုပ်ဌာနစု(မန္တလေး)မှ အနုပညာရှင်ဝန်ထမ်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ပြည်ထောင်စု ဝန်ကြီးက အနုပညာအထက်တန်းကျောင်း (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူလေး များကို အားပေး စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ သည် အမျိုးသားဇာတ်ရုံ(မန္တလေး)၌ မန္တလေးမြို့ရှိ ရှေးဟောင်း သုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား သည်။