အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဌာန ဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရ

Friday, November 26, 2021 - 16:45

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဌာန ဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော်၊ နိုဝင်ဘာ - ၂၆

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ အား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀  ရက်အထိ ဌာနဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်းတွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့် ဌာနဆိုင်ရာရုံးများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါ သည်။