Friday, November 26, 2021 - 14:15
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းနှင့် ရေဒီယိုသတင်းတွင် ထည့်သွင်းကြေညာပေးပါရန်
COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ၏
အသိပေးကြေညာချက်
မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေးဝယ်ယူ ရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ်ငွေစာရင်း OA 013733 သို့ ၂၂-၁၁-၂၀၂၁ ရက်နေ့မှ ၂၆-၁၁-၂၀၂၁ ရက်နေ့အထိ ပြည်တွင်း / ပြည်ပ အလှူရှင်များမှ ထည့်ဝင် လှူဒါန်းလာသည့် ငွေစုစုပေါင်းမှာ ကျပ် ၀.၄၅၀ သန်း ဖြစ်ပါသည်။ လှူဒါန်းသည့် အလှူရှင်များ စာရင်းကို မနက်ဖြန်ထုတ် သတင်းစာများတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။