ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွား၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Friday, November 26, 2021 - 09:15

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်ရီမုမိုင်း လုံး ပေါက်ကွဲမှုဖြစ်ပွား၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၆

          ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျော့နည်းလာသည့် မြို့နယ်များမှ အခြေခံ ပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်မှစ၍ တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး           ထိုသို့ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအပေါ် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မနာလိုမရှုစိမ့်သည့် စိတ်ဓာတ်ဖြင့် စာသင်ကျောင်း များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

          ယင်းသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင်လည်း ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲရှေ့၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင် ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်အားစိစစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်းမှ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ် ဦးစီး ဆရာ ၃ ဦးနှင့် ဆရာမ ၅ ဦးတို့သည် မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း၊ ၎င်းယာဉ်နောက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ က မော်တော်ယာဉ် ၁ စီးဖြင့် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း၊  မှော်စီစာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့သို့အရောက်၌ လမ်း၏ ညာဘက် ခြမ်းမှ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ် ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ဆရာ ၂ ဦး၊ ဆရာမ ၃ ဦး၊ အနီးဝန်းကျင်ရှိ ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၁ ဦးနှင့် ကျောင်းသား မိဘ ၁ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထက်ပါ ဒဏ်ရာရရှိခဲ့သူများအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းများ လုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိသော်လည်း အကြမ်းဖက်သမားများအနေဖြင့် လစ်ဟာမှုရှိသည့်နေရာများကို ယခုကဲ့သို့ မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းကာကွယ်တားဆီးရန် လိုအပ်မည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်၌ အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုတစ်စုံတစ်ရာတွေ့ရှိပါက လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့ ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ် ပါသည်။