နေပြည်တော်၊ နိုဝင်ဘာ - ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ကျေး ရွာ၌ ကျော်မိုးနိုင်(ခ)မောင်နိုင်(ဘ)ဦးမြင့်ဦး အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေး ငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ လူများ အား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်းစသည့် ဉပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၀(က)ဖြင့်လည်းကောင်း၊ ရဲထက်(ဘ)ဦးသိန်းဦး သည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့်လည်းကောင်း၊ မောင်မောင်ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည် ဖေဖော်ဝါရီလမှစ၍ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခဲ့မှုဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ ရဲထက်အောင်(ခ)ရဲထက် (ဘ)ဦးညွန့်အောင်သည် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အပြစ်မဲ့ပြည်သူ များအား ဒလန်ဟု စွပ်စွဲ ပြောဆိုသတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခြင်း၊ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)ဖြင့် လည်းကောင်း၊ အောင်မင်းသူ(ခ)ကိုသူ(ဘ)ဦးထိန်ဝင်း အပါအဝင် ၈ ဦးသည် ဧပြီ ၂၈ ရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း များကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(က)ဖြင့် လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၂၉ ဦးအား “ထောင်ဒဏ်တစ်သက် ”ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ် ၈ ရက်တွင် ထက်ပိုင်စိုး(ခ)ဖိုးထက်(ဘ)ဦးစိုးညွန့် အပါအဝင် (၆) ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက်၊ သုခမြိုင်လမ်းနေ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အမှတ်(၅၇) ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး တို့အား သေနတ်ဖြင့် ပစ်ခတ်ပြီး ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ခင်ဝင့်ကျော်မောင်(ဘ)ဦးသန်းဦး အပါ အဝင်(၈)ဦးတို့သည် ဩဂုတ် ၁၉ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၉၀)ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ဇင်မင်းကျော်(ဘ)ဦးကျော်မြင့် အပါအဝင် (၇)ဦးတို့သည် ဇူလိုင် ၆ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းဖြစ်သူတို့အား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/ ၃၄ ဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၂၁ ဦးအား “သေဒဏ် ”အား အသီးသီး အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
ထို့အတူ သန်းဝင်းနိုင်(ခ)ပွကြီး(ဘ)ဦးအုန်းကျော် သည် စက်တင်ဘာ ၂၅ ရက် တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သ/မ ဝန်း (၂၆)ရပ်ကွက်(ကျူး)၌ အရက် သေစာသောက်စားပြီး တစ်ရက်ကွက်ထဲနေသူနှင့် စကားများရန်ဖြစ်ရာမှ လူသတ်မှု ကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂) ဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းအား “ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၀ နှစ် ” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။