ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ အစည်းအဝေးကျင်းပ ၅.၁၁.၂၀၂၁ နေပြည်တော်

Friday, November 5, 2021 - 15:00

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ အစည်းအဝေးကျင်းပ

၅.၁၁.၂၀၂၁ နေပြည်တော်

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ဆိုင်ရာအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊   ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (Optional Protocol on the Involvement of Children in Armed Conflict-OPAC)ကို လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှု အောက်တွင်   ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအား   ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသား အဆင့်လုပ်ငန်းစီမံချက် ရေးဆွဲပြီးဖြစ်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိ မှုအခြေအနေများအား ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ရာ တက် ရောက်လာသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။